Wednesday, August 14, 2013

My Favorite Hosting Sites

 
ကျွန်တော် ကိုHARRIS NYI ရဲ့blog မှာတွေ့လို့ပြန် share ပေးလိုက်တာပါ။သူပြောတဲ့အတိုင်းဘဲ file hosting sites တွေဟာ blogger တွေအတွကအရမ်းအရေးကြီးပါတယ်။
 
ကျွန်တော်သဘောကျမိတဲ့ free hosting site တွေကို ဖော်ပြလိုက်ပါတယ်။ ကျွန်တော်လက်ရှိသုံးနေတဲ့ file sharing site တွေပါ။ ဘလော့ဂါတွေအတွက် file hosting တွေအများကြီးရှိတဲ့ထဲက free ရတဲ့ဟာတွေပေါ့။ အလကားရတယ်ဆိုတော့ အချို့ဟာတွေက သုံးရင် မကောင်းတဲ့အချက်တွေလည်းပါပါတယ်။ အောက်မှာ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ hosting လေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။ 
 
www.mediafire.com (Max upload limit: 200 MB)
free storage 50 GB ပေးပါတယ်။ ဖိုင်တွေတင်မယ်ဆိုရင် Copyright နဲ့ငြိနိုင်တဲ့ ebooks, tool တွေကိုမတင်တာအကောင်းဆုံးပါပဲ။ မြန်မာလိုစာအုပ်လေးတွေ။ အလကားရတဲ့ tool တွေတင်မယ်ဆိုရင် ဒီကောင်က တကယ်ကောင်းတဲ့ ဆိုဒ်လေးပါ။ လူကြိုက်များတာက ဒေါင်းလုတ်ဆွဲရင် resume ရတဲ့အတွက်ကြောင့်မို့ပါ။
www.solidfiles.com (Max upload limit: 400 MB)
ဒီဆိုဒ်လေးကလည်း 50 GB free ပေးထားပါတယ်။ ဒါပေမယ့် ဒီကောင်က တော်ရုံတန်ရုံနဲ့ ဖိုင်တွေကို မဖျက်ပစ်ပါဘူး။ အခုထိပေါ့နော်။ သုံးနေတာကြာပါပြီ။ link သေတယ်ဆိုတာ တခါမှမကြုံဖူးပါ။ တစ်ခုတော့ရှိပါတယ်။ ဒေါင်းတဲ့အခါ 505 Gateway time out ဆိုပြီး တခါတလေ ကြုံရပါတယ်။ refresh 3 4 ခါလောက်လုပ်ပြီး ကြိုးစားကြည့်ရင် ဒေါင်းလို့ရပါတယ်။ ဖိုင်တွေသေတာမဟုတ်တဲ့အတွက် ဒီနေ့မရရင်တောင် နောက်နေ့ပြန်ဆွဲရင် ရပါတယ်။ 
www.mirrorcreator.com (Max upload limit: 400 MB)
ဒီကောင်ကတော့ ဖိုင်တစ်ခုကိုတင်လိုက်ရင် mirror link တွေတန်းစီပြီး ချပေးတဲ့ဆိုဒ်ပါ။ ဖိုင်တွေဖျက်ပစ်တာသိပ်မတွေ့ရပါဘူး။ download ဆွဲရတာမျက်စိနောက်ပေမယ့် ကောင်းမွန်တဲ့ဆိုဒ်တစ်ခုလို့ဆိုရမှာပါ။
www.zippyshare.com (Max upload limit: 200 MB)
ဒီကောင်းလေးကလည်း မဆိုးပါဘူး။ ဒါပေမယ့် ရက်တွေကြာသွားရင် လင့်သေတာမျိုးတွေရှိတတ်ပါတယ်။ အကြိုက်ဆုံးထဲမပါပေမယ့် တချို့တချို့တွေအတွက် ဒီကောင်းလေးလည်း လူကြိုက်များတဲ့ sharing site တစ်ခုဖြစ်ပါတယ်။ long tern file storage အတွက် မကောင်းပါ။
www.sharebeast.com (Max upload limit: 200 MB)
ဒီဆိုဒ်လေးကလည်း မဆိုးပါဘူး။ ဒါပေမယ့် Zippyshare လိုဘဲ ရေရှည်သိမ်းဖို့ဆိုရင် မကောင်းပါဘူး။ ကျွန်တော်အတွေ့အကြုံအရ တချို့သော ဖိုင်တွေကို ဖျက်ပစ်တာတွေ၊ ဖိုင် expired ဖြစ်တာတွေရှိနေပါတယ်။
 www.rghost.net (Max upload limit: 400 MB)
ဒီဆိုဒ်လေးကို သုံးဖြစ်တာမကြာသေးပါဘူး။ မဆိုးဘူးဗျ။ တစ်ခုတော့ ရှိပါတယ်။ ဒီကောင်ရဲ့  ဖိုင်သက်တမ်းက ရက် 60 ပါ။ ဒီတော့ ရက် 60 ပြည့်တိုင်းတစ်ခါတော့ ဒေါင်းဖို့လိုပါလိမ့်မယ်။ ဒီလိုသာဆက်တိုက်ဒေါင်းမယ့်သူရှိနေလို့ကတော့ ဖိုင်က မပျက်ပါဘူး။ upload တင်ရတာလည်းအဆင်ပြေပါတယ်။
www.hostr.co (Max upload limit: 20 MB)
တစ်နေ့ကို ဖိုင် 10 ခု တင်ခွင့်ပေးပါတယ်။ upload limit ကနည်းတယ်ဆိုပေမယ့် ဖိုင်ဆိုဒ်သေးတဲ့ ဆော့ဝဲလ်လေးတွေ၊ စာအုပ်လေးတွေ တင်မယ်ဆိုရင် တကယ်ကောင်းတဲ့ ဆိုဒ်လေးဖြစ်ပါတယ်။ free ဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့ဗျာ။ 
 www.uploadmb.com (Max upload limit: 100 MB)
Register လုပ်စရာမလိုဘဲ upload တင်နိုင်တဲ့ဆိုဒ်တစ်ခုပါ။ ဖိုင်တွေတင်ပြီးရင်တော့ လင့်ကိုသေချာမှတ်ထားဖို့တော့လိုတာပေါ့နော်။ ကျွန်တော်တွေ့ရသလောက် ဖိုင်တွေဖျက်ပစ်တာမတွေ့ရဘူးဗျ။ ဒါပေမယ့် manage တော့မလုပ်နိုင်ဘူးပေါ့နော်။ 
www.d-h.st (Max upload limit: 512 MB)
 20 GB free storage ပေးပါတယ်။ အရင်က ကျွန်တော် သုံးဖြစ်ပေမယ့် long tern အတွက်မကောင်းသလိုပါပဲ။ ဘာလို့လဲဆိုတော့ ဖိုင်တွေကို ဖျက်ပစ်တာရယ်။ လင့်တွေလွဲနေတတ်တာရယ်ပါ။ ဒါကြောင့် ရေရှည်အတွက် သိပ်မကောင်းပါ။
www.uploadmagnet.com (Max upload limit: Unlimited)
 ဒါကတော့ ကျွန်တော်အခုမှတွေ့တာပါ။ upload limit က unlimited ဆိုတော့ မိုက်တာပေါ့နော်။ နောက် mirrorcreator လိုမျိုး mirror link တွေချပေးပါတယ်။ ထူးခြားတာတစ်ခုက Mirror link မှာ mediafire ပါလာတာဖြစ်ပါတယ်။ 
www.box.com  (Max upload limit: 250 MB)
5 GB free account ရမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်နည်းနည်းသေးတာတွေ share ဖို့ကောင်းတဲ့ hosting တစ်ခုပါပဲဗျာ။ ဒီကောင်လည်း ဖိုင်တွေကို တော်ရုံတန်ရုံတော့ ဖျက်တာမတွေ့ရသေးပါဘူး။ အဆင်ပြေပါတယ်။ သုံးရတာ။
www.dropbox.com (Max upload limit: 300 MB)
 ဒီကောင်ကိုတော့ အားလုံးသိကြမှာပါ။ တော်တော်လေးအဆင်ပြေပါတယ်။ သုံးရတာ။ dropbox syn fuction နဲ့ မိမိ ကွန်ပျူတာကနေ syn လုပ်ပြီး ဖိုင်တွေကို upload တင်ရတာ သဘောကျမိပါတယ်။ dropbox account ကို referral link တွေကနေ free upgrade တွေလုပ်နိုင်တာလည်း သဘောကျစရာပါ။ free account အတွက် Storage က 2 GB ဖြစ်ပါတယ်။ referral link တစ်ခုစီအတွက် 500 MB အပို free space ရမှာဖြစ်ပြီး 18 GB အထိထပ်တိုးနိုင်ပါတယ်။
ကဲ ဒါတွေကတော့ ကျွန်တော်သိသလောက် ကောင်းနိုးရာရာ file sharing site တွေပဲဖြစ်ပါတယ်။ နောက်ထပ်ကောင်းတဲ့ hosting site တွေရှိရင်လည်း ဒီနေရာကနေပဲ update လုပ်သွားပါမယ်။ Pro account တွေဝယ်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မသုံးနိုင်သေးတဲ့ ကျွန်တော်တို့လို့ လူတွေကတော့ ဒီလို free hosting လေးတွေက အသင့်တော်ဆုံးပါပဲ။ ဘလော့ရေးတဲ့သူတွေအတွက် ရည်ရွယ်လိုရင်းဖြစ်ပါတယ်။

0 comments:

Post a Comment


အခုစာဖတ်သူကြည့်နေတဲ့ ပို့(စ်) လေးမှာ ဘယ်လိုထင်မြင်ချက်ရှိလဲ? စာဖတ်သူရဲ့ထင်မြင်ချက်ကို ဤနေရာလေးမှာ ရေးချပါ။