Thursday, August 1, 2013

Tuneup Utlities 2013 Full Version



အသုံးလိုတဲ့သူငယ်ချင်းတွေအတွက် Tuneup Utilities 2013 လေးတင်ပေးလိုက်ပါတယ်
Full Version အဖြစ် အသုံးပြုနိုင်ဖို့ Patch ဖိုင်လေးပါထည့်ပေးထားပါတယ်
Tuneup Utlities ဆိုတာကလည်း ကွန်ပျူတာမြန်ဆန်သွက်လက်ရေးအတွက်
အထောက်အကူပြုပေးတဲ့ ဆော့ဝဲလေးတစ်ခုဖြစ်ပြီး မသုံးဖူးသူမရှိသလောက် လူသိများတဲ့ဆော့ဝဲဖြစ်တဲ့အတွက် အကျယ်တ၀င့်ရှင်းပြနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်

 
  1. Setup ဖိုင်ကို Install လုပ်ပြီးတာနဲ့ Patch ဆိုတဲ့ဖိုဒါထဲက ဖိုင်ကို Run လိုက်ပါ
ပွင့်လာတဲ့ထဲက Patch ဆိုတာကိုနှိပ်ပေးလိုက်ပါ
အဲဒီအခါ နံမည်ထည့်ခိုင်းတဲ့ Box လေးတက်လာပါမယ်

  2. အဲဒီထဲမှာ ကိုယ်ကြိုက်တဲ့နံမည်ကိုထည့်ပေးပြီး Ok ကို နှိပ်ပေးပါ
နောက်ထပ် ကိုယ့်ရဲ့ ကုမ္ပဏီနံမည်ထည့်ခိုင်းတဲ့ Box မှာလည်း ကိုယ်ကြိုက်တဲ့နံမည် ထည့်ပေးပြီး OK ကိုနှိပ်ပေးလိုက်ပါ
အဲဒါတွေက လိုင်စင်ဗားရှင်းမှာ တွဲပြီးပေါ်နေမယ့် အချက်တွေပါ
ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ
(တစ်ချို့ကွန်ပျူတာတွေတော့ လုံခြုံရေးစနစ်ပေါ်မူတည်ပြီး Patch ကို နှိပ်လိုက်တဲ့အခါ Patch လုပ်မယ့်ဖိုင်ကို မတွေ့ကြောင်း
ဒါကြောင့် အဲဒီဖိုင်ကို ကွန်ပျူထဲမှာ လိုက်ရှာမလားဆိုတဲ့ Message Box လေးတက်လာတတ်ပါတယ်
အဲဒီလို Message Box တက်လာရင် Yes တို့ OK တို့နှိပ်ပေးလိုက်ပါ)
  3. 
နောက်ထပ်ပွင့်လာတဲ့ထဲကနေ C >> Program Files >> Tunup Utlities ဆိုတဲ့ဖိုဒါထဲက
Tunup Utlities ဆိုတဲ့ Application ဖိုင်လေးကိုရွေးပေးပြီး Open တို့ OK တို့ နှိပ်ပေးလိုက်ပါ
အဲဒါပြီးမှာ အပေါ်မှာပြောခဲ့တဲ့ နံမည်ထည့်ရတဲ့အဆင့်ကို ရောက်သွားမှာဖြစ်ပါတယ်
အားလုံးပြီးသွားပြီဆိုရင်တော့ Patching Done ဆိုတဲ့စာတမ်းလေးနဲ့အတူ
Patch လုပ်တာ အောင်မြင်သွားပြီး Full Version အဖြစ် အသုံးပြုလို့ရသွားပါပြီ
ကဲ .. အဆင်ပြေကြပါစေဗျာ
 

Video ကို Wallpaper အဖြစ်အသုံးပြုနည်း

ဓာတ်ပုံတွေကိုပဲသုံးရတာပြင်းစရာကောင်းပါ တခါတလေအပြောင်းအလဲလေးဖြစ်အောင်သုံးကြည့်ရအောင်ပါ VLC Player နဲ့သုံးတာပါ ရှိမယ်လို့ထင်ပါတယ် သူနည်းသူသုံးများတဲ့ Player ပဲကို

အင်တာနက်လုံခြုံရေးအတွက် မဟာတံတိုင်းကြီး FortKnox Personal Firewall

post-image

Firewall ဆိုတာ နားလည်လွယ်အောင်ပြောရရင် အင်တာနက်ဆက်ကြောင်းနဲ့
ကျွန်တော်တို့ရဲ့ကွန်ပျူတာကြားကဂိတ်ပေါက်တစ်ခု (တံတိုင်း တစ်ခု )လို့

ပြောရမှာဖြစ်ပါတယ် ...လုံခြုံမှုအားနည်းတဲ့ ဂိတ်ပေါက်ဆိုရင်အကောင်းအဆိုးမရွေး ၀င်ထွက်သွားလာနေမှာဖြစ်ပြီး ဂိတ်ပေါက်ကို စနစ်တကျနဲ့
ကိုင်တွယ်ထိန်းကျောင်းနိုင်မယ်ဆိုရင်မှန်ကန်ကောင်းမွန်တဲ့ဆက်သွယ်မှုတွေကိုသာ
လက်ခံဝင်ထွက်ခွင့် ပြုနိုင်မှာဖြစ်ပါတယ် ..


Firewall ကို နိုင်နိုင်နင်းနင်းမကိုင်တွယ်ထားနိုင်တဲ့
ကွန်ပျူတာတစ်လုံးဟာ အင်တာနက်ဆက်ကြောင်းထဲမှာရှိနေတဲ့ Malware, Addware, Spyware နဲ့ ဗိုင်းရပ်ပရိုဂရမ်တွေ အလွယ်တကူ ၀င်ရောက်လာနိုင်ရုံသာမကပါဘူး ကိုယ့်ရဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကိုတောင် ဟက်ကာတွေဆီ အလွယ်တကူ ရောက်ရှိသွားတတ်ပါသေးတယ် ..

ဥပမာဗျာ .. ကျွန်တော်က ဆော့ဝဲတစ်ခုကို Install လုပ်လိုက်တယ်ပေါ့
အဲဒီ ဆော့ဝဲထဲမှာ keylogger လို ဆော့ဝဲတစ်မျိုးကို Injection လုပ်ထားမယ်ဆိုပါစို့
ကျွန်တော့်ရဲ့စက်ကို အင်တာနက်ချိတ်ဆက်လိုက်တာနဲ့ အဲဒီ keylogger က ကျွန်တော် ကီးဘုဒ်မှာရိုက်ထည့်လိုက်သမျှကို မှတ်တမ်းတင်ပြီး အဲဒီအချက်အလက်တွေကို အဲဒီ keylogger ကိုပို့လွှတ်ခဲ့သူဆီရောက်အောင် ပြန်လည်ပို့ဆောင်ပေးပါလိမ့်မယ်
ဒါကတော့ အနောက်နိုင်ငံတွေမှာ ခေတ်စားလာတာကြာခဲ့ပြီ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံက ဟက်ကာတွေကြားမှာ အသုံးများလာတဲ့ ဟက်ကင်းနည်းလမ်းလေးတစ်ခုပေါ့ ...

ဒါဆိုရင် .. အဲဒီလို ကျွန်တော်ရဲ့အချက်အလက်တွေကို ဟက်ကာဆီပြန်ပို့ပေးမယ့် ၀င်ပေါက်ထွက်ပေါက်ကို သိရှိပြီး အချိန်မှီ ပိတ်ဆို့ကာကွယ်ထားနိုင်မယ်ဆိုရင်
နောက်ဆက်တွဲဆိုးကျိုးတွေ မခံရတော့ဘူးပေါ့ ..

အဲဒီလို ဆိုးကျိုးတွေပေးမယ့် ၀င်ပေါက်ထွက်ပေါက်တွေကို ဘယ်လို စောင့်ကြည့်ပြီး သိရှိနိုင်မလဲ ..
ဟုတ်ကဲ့ .. ၀င်းဒိုးပိုင်းနိုင်နင်းတဲ့ Pro သမားတွေကတော့ ၀င်းဒိုးထဲက Firewall မှာပဲ ပိတ်ဆို့ကာကွယ်တာတွေကို အလွယ်တကူ လုပ်ထားနိုင်ပေမယ့် .. ကျွန်တော်တို့လို သာမာန်အသုံးပြုနေသူတွေအတွက်တော့ Firewall ဆော့ဝဲလေးတစ်ခုခုကို အသုံးပြုမှ အဆင်ပြေနိုင်မှာပါ ..
ဒါကြောင့် .. အမှန်တကယ်လည်း အလုပ်ဖြစ် ထိထိရောက်ရောက်လည်း ကာကွယ်ပေးနိုင်တဲ့ Firewall ဆော့ဝဲလေးတစ်ခု မျှဝေပေးလိုက်ပါတယ် ..

ဆော့ဝဲရဲ့နံမည်က FortKnox Personal Firewall ဖြစ်ပါတယ် ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်


 Download >> Link 1  /  Link 2 

ဒေါင်းပြီးပြီဆိုရင် setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ ..
Install လုပ်ရင် အင်တာနက်ကွန်နက်ရှင်ကို အရင်ပိတ်လိုက်ပါ
ပြီးရင် ပရိုဂရမ်ကို Run လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

အဲဒီထဲက buy ဆိုတာကို နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်




  1. အဲဒီထဲက Enter serial ကိုနှိပ်လိုက်ပါ ..
  2. နောက်ထပ်ပွင့်လာတဲ့ထဲမှာ ထည့်ရမယ့် အချက်အလက်တွေကိုတော့ keygen ဖိုင်ကို Run ပြီးကူးယူဖြည့်သွင်းပါ
  3. serial ကိုထည့်တဲ့နေရာမှာတော့ တစ်ဖြတ်ချင်းကူးယူပြီး Paste လုပ်မှအဆင်ပြေမှာပါ
  4. ဒါဆိုရင်တော့ .. Full Version အဖြစ် သုံးလို့ရသွားပါပြီ
အင်တာနက်ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ အင်တာနက်ဆက်ကြောင်းဆီကို သွားရောက်ချိတ်ဆက်တဲ့ပရိုဂရမ်တွေနဲ့ သူချိတ်ဆက်နေတဲ့ ၀က်ဆိုဒ်တွေကို Message ပေးလာပါလိမ့်မယ် ..အဲဒီထဲကမှ စိတ်ချရတဲ့ ၀က်ဆိုဒ်မျိးကို ချိတ်ဆက်နေတာဆိုရင် Allow ကို နှိပ်ပြီးခွင့်ပြုပေးနိုင်ပြီး
မသင်္ကာစရာကောင်းတဲ့နေရာတစ်ခုဆီကို ချိတ်ဆက်နေတာမျိုးဆိုရင်တော့ Not Allow ကိုနှိပ်ပြီးသူ့ရဲ့လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်ရုံပါပဲ ...ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

FortKnox Personal Firewall

FortKnox Personal Firewall is an easy to use personal firewall that allows you to protect a PC against hacker attacks, trojans, spyware and internet threats. It gives user complete overview of all inbound and outbound network communication. Furthermore, FortKnox Personal Firewall comes with integrated Intrusion Prevention System and SPI technologies that will ensure enhanced user protection.

With application rules user can control how individual applications communicate over Internet. Users have option to setup extended rules that match their individual needs. With its intuitive interface it is suitable for both beginners and experienced users.

Features:

• Protects system from inbound in outbound attacks
• Traffic and packet logging
• Statefull package inspection
• Integrated Intrusion Prevention System
• All system connections overview
• Advanced rules for experienced users
• Anti-spoofing technologies
• File and printer sharing settings
• User-friendly graphics interface
• Automatic database updates
• Site Control System with ability to block individual web sites
• Ad blocking
• Referer blocking
• ActiveX blocking
• Cookies blocking
• Simple configuration
• Skin support
• Language support
Download the program from the link below.

Subway Surfers for PC

အပြင်းပြေဆော့ရအောင်Subway Surfer for PC လေးတင်ပေးလိုက်တယ်နော်။Android မှာတော့လူတိုင်းနီးပါးဆော့ဖူးပါတယ်။ဘယ်လိုဆော့ရတယ်ဆိုတာတော့မရေးတော့ဘူးနော်။ဘော်ဘော်တို့ဖတ်ရတာပြင်းနေမှာစိုးလို့ပါဟဲဟဲ။
Download Here




samsung galaxy S IV နှင့် SIII အစစ် နှင့် clone တွေကိုဘယ်လိုနည်းနဲ့ ကြည်ရင်သိနိုင်ပါသလဲ

samsung galaxy S IV နှင့် SIII အစစ် နှင့် clone တွေကို
ဘယ်လိုနည်းနဲ့ကြည်ရင်သိနိုင်ပါသလဲပြောပြပေးမှာ့ဖြစ်ပါတယ်ခင်ဗျာ
.ကဲဒါကတော့လွယ်ပါတယ်ဗျာအခုနောက်ပိုင်း 
Clone တွေက Copy ကူတာတော်တော်လေးကိုတူပါတယ်


ပထမ တစ်ချက်က Touch screen ပါပဲ မသပ်ရက်ပါဘူး
အရောင်နည်းနည်း မိန်တယ်ပြီးတော Icon လေးတွေကို ဖိရင် Screen က ရွေရွေသွားပါတယ်
Samsung ဖုန်းကိုင်ဖူးသူဆိုရင် တော့ တန်းသိနိုင်ပါတယ်
Screen နိပ်ကြည့်ရုံနဲ့သိနိုင်ပါတယ်
ဒီလိုကျွန်တော်ပြောတာက တစ်ကယ်တမ်းတော့မခိုင်လုံပါဘူး
ပိုသေခြာ အောင် အဖုန်းဖွင့်ကြည့်လိုက်ပါ တံဆိပ် ကပ်ထားတာမသပ်ရက်ပါဘူး
စောင်းနေတာတို့ အိုက်ပေါ်မှာရေးထားတဲ့စာ မသပ်ရက်တာရယ်
နောက်ပီးတော့ အလေးချိန်ပေါ့ပါတယ်

နောက်ပီးတော့ ပိုသေခြာချင်ရင် တော့ Software သုံးပါ Golaucher သုံးပါ
Golaucher မှာ Ram ကိုသိနိုင်ပါတယ် အစစ်ဆိုရင် 1GB ဆိုရင် 803MB ရှိပါတယ်
ပြီးတော့ နောက်တစ်ခု Setting>about>model မှာကြည့်ပါ S4 ဆိုရင် i9500 ပေါ့
နောက်ပြီးတော့ ကျွန်တော်မြင်ဖူးတာ S4  Clone က S3 ဆိုက်လောက်ဘဲရှိပါတယ်
ဒါကတော့လွယ်ပါတယ် သေးနေလို့ Clone လို့သိနိုင်ပါတယ်
S3 ဆိုရင်လဲ Screen touch ပါဘဲ နိပ်ရင်မထိတထိနဲ့

ကျွန်တော်အတွေ့အကြုံအရဆိုရင် Clone တွေက ရုပ်ထွက်မကြည့်ဘူးဗျာ
Screen Resolution ကွာတယ်ဗျာ့ နောက်ပြီးတော့  memory ram နည်းတယ်
S4 က Ram 2GB ရှိတယ် အတု က 512 MB ဘဲရှိတယ်
ဒီလိုလေးတွေမသိနိုင်တာလေးတွေကို လျှိုပြီးတော့ ဈေးလျှော့ရောင်းပါတယ်
ကျွန်တော်ဖုန်းပြင်တာမဟုတ်ပါဘူး ဆိုင်လဲမရှိပါဘူး
ဒါပေမဲ့ကျွန်တော်ယိုးဒယားနိုင်ငံမှာ သင်တန်းအနေနဲ့ 1 နှစ်လောက် နေဖူးပါတယ်
ဒါကြောင့်ဒီအကြောင်းတွေကိုပြောနိုင်တာပါ။

Cr : အောင်ကျော်ဇေယျမိုးဟိန်းထွန်း

ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်း ပြင်ဆင်မှုပြီးစီး

ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်း ပြင်ဆင်မှုပြီးစီး
08:00 သတင်း 

ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်း ဆီမီးဝီး သရီးကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြင်ဆင်မှုပြီးစီးပြီဖြစ်လို့ သည်ညနေ(ဇူလိုင်၃၀) ၅း၀၀နာ၇ီကစပြီး ယခင်အင်တာနက်မြန်နှုန်းအတိုင်း ပြန်သုံးနိုင်ပြီလို့ မြန်မာဆက်သွယ်ရေးလုပ်ငန်း ဆီမီးဝီးသရီး ပြည်ပကေဘယ်လ်စတေရှင်မှ လက်ထောက်အင်ဂျင်နီယာ ဦးစိုးမြင့်ထံက သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အပြည်ပြည်ဆိုင်ရာဆက်ကြောင်းတွေနဲ့ အဓိကချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ် ဆီမီးဝီးသရီးဆက်ကြောင်းက ဇူလိုင်လ ၂၂ ရက်ညနေ ၅နာရီအချိန်မှာချို့ယွင်းမှုဖြစ်ခဲ့တယ်။ ပြုပြင်ဆဲကာလအတွင်း မြန်နှုန်း 5.5 GBPS ကိုပဲအသုံးပြုလို့ရခဲ့ပြီး အခုအချိန်မှာ ယခင်မြန်နှုန်း 11.5GBPS ကို အသုံးပြုနိုင်ပါပြီ။
 
Ref :: The Modern News Journal

samsung galaxy S IV နှင့် SIII အစစ် နှင့် clone တွေကိုဘယ်လိုနည်းနဲ့ ကြည်ရင်သိနိုင်ပါသလဲ

samsung galaxy S IV နှင့် SIII အစစ် နှင့် clone တွေကို
ဘယ်လိုနည်းနဲ့ကြည်ရင်သိနိုင်ပါသလဲပြောပြပေးမှာ့ဖြစ်ပါတယ်ခင်ဗျာ
.ကဲဒါကတော့လွယ်ပါတယ်ဗျာအခုနောက်ပိုင်း 
Clone တွေက Copy ကူတာတော်တော်လေးကိုတူပါတယ်