အကို
Myanmar IT Skyရေးထားတဲ့ ပို့လေးကို အသုံးဝင်မယ်ထင်လို့ပြန် share ပေးလိုက်ပါတယ်။
အခုတော့ ကျွန်တော်
Laptop ကျွန်ပျူတာက ဘက်ထရီကိုချွေတာတဲ့နည်း
လေးကိုကျွန်တော်သိသမျှလေးနဲ့အကြံပြုပေးပါရစေနော်..
ကျွန်တော်လဲ Laptop နဲ့ပဲ
သုံးနေတာမို့ မီးပျက်သွားတဲ့အခါမှာ
ဒီနည်းလေးကိုအသုံးပြုပြီးသုံးနေပါတယ်..
ကဲ..စလိုက်ကြရအောင်ဗျာ.
ကျွန်တော်တို့ကျွန်ပျူတာသုံးနေစဉ်မှာမီးပျက်သွားလို့
ဘက်ထရီ (ခေါ်) အားသွင်းဓါတ်ခဲ
ကိုအသုံးပြုတဲ့အခါ Laptop မှာ Power
အစားသက်သာစေမဲ့နည်းလမ်းလေးကိုအသုံးပြု
ရမှာပါ... မိမိကွန်ပျူတာမှာ
Power တွေကိုဘယ်အရာက Share ပြီးသုံးနေရတာလဲ
ဆိုတာကိုသိဖို့လိုပါမယ်..
1
>> ကွန်ပျူတာက Monitor ဖြစ်တဲ့ LCD ပဲဖြစ်ဖြစ် LED
ပဲဖြစ်ဖြစ်ပေါ့. ကျွန်တော့ Laptop
ကတော့ LCD ပါ..
အဲဒါကို
Bright အရောင်တွေကိုလျှော့ချရပါလိမ့်မယ်.. လျှော့ရမယ့်
နည်းလေးကတော့သိမှာပါနော်... ကွန်ပျူတာ Keyboad မှာပါပါတယ်ဗျာ.
2>>
ကွန်ပျူတာနဲ့တွဲပြီးသုံးတဲ့ Mouse / Keyboad / Cooler Fan
စတာတွေကို
ဖြုတ်ပစ်ရပါမယ်..အဲဒါတွေမှာလဲသူတို့အတွက်လိုအပ်တဲ့ Power တွေပေးထား
ရလို့ပါ... အဲ ..သီချင်းဖွင့်ပြီးနားထောင်တာပဲဖြစ်ဖြစ် . Movie
ကြည့်တာပဲဖြစ်ဖြစ်
အဲဒါတွေကိုလဲမလုပ်ရဘူးနော်.
3>>
မလိုအပ်ပဲ Run နေတဲ့ Program တွေကိုလဲပိတ်ဖို့မမေ့ပါနဲ့ဗျာ...
စက်ကိုလေးစေ
သလို Power ကိုလဲသုံးစွဲလို့ပါ..
အဲဒါတွေကိုပိတ်ဖို့တော့သိမှာပါနော်..
Start Tesk Manager
ထဲက Porcesses ဆိုတဲ့ Tab မှာသွားပြီးရှာရပါလိမ့်မယ်..
တွေ့ရင် Select ပေး Click ပြီး End Process ပေးလိုက်ရင်ရပါပြီ...
မတော်လို့များ
ကိုပိတ်လိုက်တဲ့ကောင်က Window တစ်ခုလုံးကို
Run စေတဲ့ Program ဆိုရင်တော့
Window
ကိုပိတ်ပြီးပြန်ဖွင့်ရပါလိမ့်မယ်.. အဲဒါတော့ ဘယ်ဟာ Window Program
တွေလဲဆိုတာတော့လေ့လာထားဖို့လိုပါမယ်ဗျာ.
ကဲ..
အကိုတို့ရေ
အထက်ကအချက်တွေအတိုင်းသာလုပ်သွားမယ်ဆိုရင် ဘက်ထရီဟာအရင်က
(၃၀)မိနစ်သာခံမယ်ဆိုရင်
အခု (၄၅ / ၆၀) မိနစ်တော့ခံပါလိမ့်မယ်ဗျာ. ကျွန်တော်လဲအဲဒီအတိုင်း
လုပ်ပြီးသုံးနေပါတယ်...
အကိုတို့ရေ အဓိကကျွန်တော်မှာချင်တာကတော့ အဲဒီ Laptop တို့ Phone တို့မှာ
သုံးတဲ့ဘက်ထရီဆိုတာ
Cell တစ်မျိုးပါဗျာ. အဲဒါတွေက Recharge ဓါတ်ခဲလို့လဲခေါ်ပါတယ်..
အကိုတို့လဲသိမှာပါ..
အဲဒါတွေကိုသုံးတော့မယ်ဆို တော်တော်လေးဂရုစိုက်ရပါတယ်..
ကျွန်တော်လဲ
အစကလုံးဝမသိပါဘူး. Electronic အခြေခံသင်တန်းတက်လိုက်တော့မှ ဆရာ
တွေရှင်းပြမှသိလိုက်ရတာပါ.
အဲဒါလေးကိုအကိုတို့ကိုလက်ဆင့်ကမ်းပေးခြင်လို့ပါဗျာ..
ကျွန်တော်တို့ Recharge ဓါတ်ခဲတွေကိုအားသွင်းတဲ့အခါမှာဂရုစိုက်ရပါမယ်.
ဘာကို လဲဆိုတော့
အားသွင်းလို့ပြည့်သွားပီဆိုရင်ပိုမသွင်းမိဖို့ပါ..တနည်းပြောရရင် OVER
Charge ပေါ့.. အဲဒီလို OVER Charge
ဖြစ်ပီဆိုရင်ဘက်ထရီမှာပြုလုပ်ထားတဲ့အထဲထဲက Cell လေးတွေက ပျက်ဆီးတတ်ပါတယ်..
အဲဒီလိုပျက်ဆီးတဲ့အခါမှာ ဓါတ်ခဲဟာအားအပြည့်ကြီးသွင်းထားပေမယ့်
တာရှည်မခံတော့ဘူး.ခဏလေး သုံးလိုက်တာနဲ့အားကချက်ခြင်းသိသိသာသာရာခိုင်နှုန်းကျ
ဆင်းပြီးအားကုန်သွားတတ်ပါတယ်.. ကြုံဖူးရင်လဲကြုံဖူးကြမှာပါ..
အဲဒီဓါတ်ခဲတွေကိုအားသွင်းရင် အားပြည့်ဖို့အတွက်ဘယ်လောက်ကြာမလဲ ဆိုတာ
တွက်လို့ရပါတယ်. အဲဒါကိုလဲ ဓါတ်ခဲတွေ့မှာ
ရေးထည့်ထားပါတယ်..ဖုန်းတွေရဲ့ဓါတ်ခဲတွေမှာ လဲပါပါတယ်..
တချို့နားလည်တဲ့သူတွေ.. ကျွမ်းကျင်တဲ့သူတွေဆိုရင်မိမိဓါတ်ခဲ(ခေါ်)ဘက်ထရီမှာ
အား ဘယ်လောက်ကျန်လဲ..
အားသွင်းလိုက်ရင်ဘယ်နမိနစ်စောင့်ရမလဲဆိုတာကိုတွက်ပြီးအားသွင်းထားခဲ့ပြီး
ကိုယ်လုပ်စရာရှိတာလုပ်ပြီးမှပြန်လာ လို့ရပါတယ်..
အဲဒါကတော့ကျွမ်းကျင်တဲ့သူတွေအတွက်ပေါ့ဗျာ. ကျွန်တော်တို့အနေနဲ့ကတော့
အဲဒီလောက်မလိုပါဘူး..အဓိကကတော့မိမိဓါတ်ခဲအားသွင်းထားလို့ပြည့်ပြီ
ဆိုရင်ချက်ခြင်းအား သွင်းထားတာကနေဖြုတ်လိုက်ရင်ရပါတယ်..
အဲဒါကတော့ဓါတ်ခဲနဲ့ပတ်သတ်လို့ အားသွင်းရင် ဂရုစိုက်ရမယ့်ဟာလေးပါ..
နောက်တစ်ခုအရေးကြီးတာကတော့
မိမိဓါတ်ခဲ(သို့)ဘက်ထရီကိုအသုံးပြုမယ်ဆိုရင်အားအကုန် မသုံးမိဖို့လိုပါမယ်..
အဲဒါကတော့ကျွန်တော့်ကိုယ်တွေ့နော်.. မယုံမရှိနဲ့ဂျ.... ဟဲ ..ကျွန်တော်လဲ
တစ်ခါ ခံရပီးပီ.. အဲဒီဓါတ်ခဲတွေမှာ ခံ ဗို့နဲ့ စံ ဗို့ဆိုပြီးရှိပါတယ်..
ကြားလဲကြားဖူးကြ မှာပါနော်.. ခံဗို့ဆိုတာ ကတော့ နောက်ဆုံးထားရမယ့်
ဗို့အားကိုပြောတာပါ.. စံဗို့ဆိုတာကတော့ဘယ်လောက်ထိသုံးလို့ရတယ်
ဆိုတဲ့သဘောပါ.. အဓိကလိုက်နာရမှာကတော့ ခံဗို့ ကိုအကုန် မသုံးကြပါနဲ့ဗျာ..
ခံဗို့ဆိုတာကလွယ်လွယ် ပြောရင် မြင်သာမဲ့ဟာနဲ့ဥပမာပြရရင်
ဖုန်းမှာဓါတ်ခဲအားကုန်ခံနီးဆိုဓါတ်ခဲပုံလေးကအရောင်ပြောင်းသွား ပါတယ်..
တချို့ကအနီရောင် ၊
တချို့ကအ၀ါရောင်ဖြစ်သွားတတ်ပါတယ်.အဲဒါလိုဖြစ်ပီဆိုရင်သေချာတယ်..
ဖုန်းကိုဆက်မသုံးတာ
အကောင်းဆုံးပါ..သေရေးရှင်ရေးအရေးကြီးမှသာသုံးသင့်ပါတယ်ဗျာ..ဓါတ်ခဲကို
ကုန်တဲ့ အထိ (၃/၄)ခါလောက်သုံးကြည့်လိုက်ပါ..အဲဒီဘက်ထရီ (သို့
)ဓါတ်ခဲသေချာတယ်ပျက်ပါပြီ.. မယုံ
ရင်လုပ်ကြည့်ဖို့ပြောတာပါဗျာ