Sunday, September 29, 2013

GSM Bill Widget for Android

Android ဖုန်းတွေအတွက်ဆောင်ထားသင့်တဲ့ဆော့ဝဲလေးတစ်ခုပါ။ Home Screen ပေါ်မှာ Widget အနေနဲ့ သုံးပြီးတော့ GSM Bill စစ်ခြင်း၊ ဖြည့်ဖြင်း၊ Bill လွဲပေးခြင်းများ စသည်တို့ကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ ဒီဆော့ဝဲလေးကိုရေးသားသူကတော့ ကိုမိုးကုတ်သား (MPX Team) ဖြစ်ပါတယ်။ GSM Bill Widget for Android ကိုအောက်က link တွေ မှာရယူနိုင်ပါတယ် 
Download=>> Link 1, Link 2

www.harrisnyi.tk 

Sunday, September 15, 2013

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)

 
 
 ကျွန်တော် ဘလော့ခရီးသည်မှာတွေ့လို့ ပြန်ရှဲပေးလိုက်ပါတယ်။


တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ

      ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့  facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ (သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)

အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)
 [Android ဖုန်းကနေ Gmail အကောင့် မဖွင့်တတ်သေးရင် ဒီနေရာ  မှာလေ့လာနိုင်ပါတယ်]

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို (1.EasyOvpn   2.OpenVPNConnect (or)  2.OpenVPNConnect )  ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
   အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ...




3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ





4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ




5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ


6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။

7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ



8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan      နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်





မှတ်ချက်။  facebook နာမည်တွေ ဖြည့်တဲ့အခါ  English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ 

Wednesday, September 11, 2013

Windows မှာမဖွင့်စေချင်တဲ့ Program တွေကိုပိတ်နည်း နှင့် Virus တားဆီးနည်း

Windows မှာမဖွင့်စေချင်တဲ့ Program တွေကိုပိတ်နည်း နှင့် Virus တားဆီးနိုင်မယ့် Software တစ်ခုတင်ပြ
ပေးပါ့မယ်..APPLocker နဲ့တားဆီးမှာဖြစ်ပါတယ်.. အရင်ဆုံး ဒီကိုသွားပြီး ဖြည့်စရာရှိတာဖြည့်ကာ Download ရယူပါ.. Install လုပ်ပါ ဖွင့်လိုက်ပါ။ မသုံးစေချင်တဲ့ Program ကိုအမှန်ခြစ်ပေးပြီး Save လုပ်ထား
လိုက်ရုံပါဘဲ..


နောက် Virus Program များကိုတားဆီးနည်းကတော့ virus ဆိုတာ .exe နဲ့အလုပ်လုပ်တဲ့ Program တစ်ခုပါဘဲ.. ဥပမာ မိမိရဲ့စက်မှာ Mgway FC Virus ( Mgy.exe ) ၀င်ရောက်နေတယ်ဆိုရင်.. အဲဒီ Mgy.exe ကိုတားဆီးနိုင်ဖို့အတွက်  Configure ကိုနှိပ်ပါ..အောက်ပါပုံအတိုင်း Virus နာမည်ပေး..ဖြည်စရာရှိတာဖြည့်ပြီး OK သာနှိပ်ပေးလိုက်ပါ..မတက်စေချင်တဲ့ကောင် တက်လာတော့မှာမဟုတ်ပါဘူး..

USB Stick ရဲ့ Data ရွှေ့ပြောင်းမှုကို မြန်နှုန်းမြှင့်တင်နည်း

 
တစ်ချို့ Memory Stick တွေက ဖိုင်တွေကိုကူးယူရာမှာအလွန်နှေးကွေးကြပါတယ်..တော်တော်နဲ့မပြီးပါဘူး
ဒီလိုနှေးတဲ့ Stick တွေကိုဘယ်လိုမြန်အောင်လုပ်မလဲ..လွယ်ပါတယ်..အောက်ပါအတိုင်းသာလိုက်လုပ်
ကြည့်ပါ..ဖလန်းဖလန်းထအောင် မြန်ထွက်သွားပါ့မယ်. .:)

အရင်ဆုံး Stick ပေါ်သို့ Right Click >> Format ကိုရွေးချယ်ပါ..File System နေရာမှာ NTFS ကိုရွေးချယ်ပါ
ပြီးရင် Quick Format ကိုရွေး Start နှိပ်ပါ..


ပြီးတာနဲ့ Stick ပေါ်သို့ Right Click ပြန်ထောက်ပါ.. Properties နှိပ်ပြီး Hardware Tab သို့သွားပါ
ပြီးတာနဲ့ မိမိရဲ့ USB Stick Name ပေါ်သို့ တစ်ချက်ထောက်..ပြီးရင် Properties နှိပ် Policies မှာ Better Performance ကိုရွေးပြီး OK ပေးလိုက်ပါ..ဒါဆိုရင် သင့်ရဲ့ စတစ်လေး မြန်ဆန်သွားတာတွေ့ရပါလိမ့်မယ်..အဆင်ပြေပါစေခင်မျာ။

Thursday, September 5, 2013

Prison Tycoon

 


ကျွန်တော် ပို့မရေးဖြစ်တာတော်တော် ကြာသွားတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ အခုတင်ပေးမှာကတော့ Tycoon ဆော့ရတာ ကြိုက်တဲ့လူတွေအတွက် Prison Tycoon ဆိုတဲ့ ထောင်တစ်ခုထူထောင် ရတဲ့ဂိမ်းလေးပါ။ ဖိုင်ဆိုဒ်ကတော့ 137 MB ပါ။ လိုချင်သူများဒေါင်းနိုင်ပါပြီ။နောက်လဲဂိမ်းကောင်းတာလေးတွေ တင်ပေးပါ့မယ်။ လိုချင်တဲ့ဂိမ်းရှိရင်လဲ CBox ထဲမှာပြောခဲ့ပါ။ ကျွန်တော်အတတ်နိုင်ဆုံး ရှာတင်ပေးပါ့မယ်။ပြောတာတောင် တော်တော်များသွားပြီဗျာ။

Data Communication (မြန်မာလို စာအုပ်)

Data Communication စာအုပ်မှာ တစ်နေရာနှင့် တစ်နေရာ ဆက်သွယ်ဆောင်ရွက်ခြင်း ကို အသေးစိတ်
ရေးသားထားပါတယ်။ အခန်း(၃)ခန်းပါဝင်ပြီး Modem တပ်ဆင်ပုံ၊ အသုံးပြုနိုင်ဖို့ အတွက် Install ပြုလုပ်ပုံ
အသုံးပြုနိုင်အောင် ဆောင်ရွက်ခြင်း၊ လက်အောက်ခံစက်မှ တယ်လီဖုန်းလိုင်းဖြင့် ပင်မကွန်ပျူ တာသို့ ဆက်
သွယ်ဆောင်ရွက်ခြင်း၊ ဒီအပိုင်းတွေ ပါဝင်ပါတယ်။


Turbo C Programming သင်ခန်းစာ(မြန်မာလိုစာအုပ်)

Programming ဘာသာရပ်တစ်ခု ဖြစ်တဲ့ Turbo C Programming ကို စတင်လေ့လာလိုသူတို့ အတွက်
ဒီ စာအုပ်က အထောက်အကူပြုမှာပါ။ Turbo C သို့ စတင်ဝင်ရောက်ခြင်းမှ အစ၊ လေ့ကျင့်ခန်းပေါင်း ၁၃၅
ခန်း ဖြင့် သင်ပြပေးထားပါတယ်။ ပြုစုသူ အမည် စာအုပ်ထဲမှာ ပါဝင်တဲ့ အတွက် ဒီနေရာကနေ Credit မပေးတော့ပါဘူး။

 

အရေးပေါ်ဖုန်းနံပါတ် Jas Mobile Hostline.apk


JAS ကထုတ်လုပ်တဲ့ Mobile Hotline apk ဖြစ်ပါတယ်.. အရေးကြီးသော ဖုန်းနံပါတ်များ၊ ဆက်သွယ်လိုသော လိပ်စာများကို ဖော်ပြပေးသော အသုံးချပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ ဒီ App တစ်ခုရှိရုံနဲ့ မိမိတို့သိလိုသော ဖုန်းနံပါတ်များ၊ လိပ်စာများကို အလွယ်တစ်ကူ ရှာဖွေနိုင်၍ မိမိတို့ ရှာဖွေထားသော ဖုန်းနံပါတ်များကို မှတ်ထားရန်မလိုပဲ တစ်ခါတည်း မိမိခေါ်ဆိုလိုသော ဖုန်းနံပါတ်ကို ခေါ်ဆိုနိုင်ပါတယ်။ အသုံးပြုဖို့ လိုအပ်တဲ့ Android Version ကတော့ 2.2 နှင့်အထက်ဖြစ်ပါတယ်.အဆင်ပြေပါစေ..

 

ကွန်ပျူ တာ အမေး၊အဖြေ စာအုပ်

http://cdn.brilliantplatform.com/site-files/54b73831-b5a5-4c3b-9894-4b4469210896/images/photos/stick_figure_qa_pc_1600_clr_2391.png
ကွန်ပျူ တာ ဂျာနယ် စာတည်းအဖွဲ့က ၂၀၀၈ခုနှစ်က ထုတ်ဝေခဲ့တဲ့ ကွန်ပျူတာ အမေး၊ အဖြေ စာအုပ်ဖြစ်ပါ
တယ်။ စာအုပ်က ကွန်ပျူတာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အမေးအဖြေတွေအားလုံးကို စုပေါင်းထားတာမို့လို့
မဖတ်ဖူးသေးသူတွေအတွက် အရမ်းအသုံးဝင်တဲ့ စာအုပ်တစ်အုပ် ဖြစ်မှာပါ။ မာတိကာလေး တစ်မျက်နှာကို
Screen shot တင်ပေးလိုက်တယ်။ စာမျက်နှာကလည်း ၂၅၀ နီးပါးပါဝင်တဲ့ အမေးအဖြေစာအုပ်တစ်အုပ်
ဖြစ်တာမို့လို့၊ လေ့လာလိုသူတွေ ဒေါင်းထားကြပါ။

 

Tuesday, September 3, 2013

Clone Camera Pro v2.0.4 for iPhone/Pad/Pod touch

iPhone/Pad/Pod touch တွေအတွက် ဓာတ်ပုံရိုက်တဲ့အခါ ပုံထဲက လူတစ်ယောက်ပုံကို အများကြီးပွားလို့ရတဲ့ ဆော့ဝဲလေးဖြစ်တဲ့ Clone Camera Pro v2.0.4 ကိုတင်ပေးလိုက်ပါတယ်။ Self-timer function နဲ့လည်းအသုံးပြုနိင်ပါတယ်။ ဓာတ်ပုံရိုက်ဆော့ဝဲအဆန်းလေးဖြစ်တာကြောင့် iDevices တွေမှာရှိထားသင့်တဲ့ ဆော့ဝဲလေးပါပဲ။ Clone Camera Pro v2.0.4 for iPhone/Pad/Pod touch ကိုအောက်က link မှာရယူပါ။
Clone Camera Pro v2.0.4 for iPhone/Pad/Pod touch (iTunes Link for Non-Jailbroken Devices)
Clone Camera Pro v2.0.4 for iPhone/Pad/Pod touch (Crak app Link for Jailbroken Devices)

Nokia ဖုန်းကုမ္မဏီ ကို Microsoft သို့ ရောင်းပြီ

ယခုရက်ပိုင်းအတွင်းပဲ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Nokia ရဲ့  မိုဘိုင်းဖုန်း စီးပွားရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းကို Microsoft တို့ အပြီးဝယ်ယူတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
စုစုပေါင်း အမေရိကန်ဒေါ်လာ ၇.၁၇ ဘီလျံနဲ့ နှစ်ဦး နှစ်ဘက် သဘောတူပြီးသွားပြီ ဖြစ်ပါတယ်။ Nokia မှာ လက်ရှိ ရှယ်ယာထည့်ထားတဲ့ လုပ်ငန်းရှင်များအနေနဲ့ ဆက်လက် ပါဝင်ဖို့ ရှိမရှိ ကတော့ စောင့်ကြည့်ရမယ့် အခြေအနေ ရှိပါတယ်။ ဥရောပ – ဖင်လန်နိုင်ငံ အခြေဆိုက်တဲ့ Nokia ကို အများစုက မိုဘိုင်းဖုန်း ကုမ္မဏီထုတ်တဲ့ ကုမ္မဏီလို့ပဲ သိထားကြတာပါ။ အမှန်တော့ သူတို့လုပ်တဲ့ စီးပွားရေးက အင်မတန် များပါတယ်။ သို့ပေမယ့် ဝင်ငွေအများဆုံးရရှိတဲ့ လုပ်ငန်းက Mobile Division ဖြစ်ပါတယ်။ ယခုလို အပြီးတိုင် ရောင်းချ လိုက်မယ် လို့လည်း ဘယ်သူမှ ထင်မထားပါဘူး။ သို့ပေမယ့် တကယ်ရောင်းတော့မှာပါ။ ကုမ္မဏီလွဲပြောင်းမှုကို စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

Microsoft မှ အကြီးပိုင်ရာထူးအချို့ ကို Nokia Division သို့ ပြောင်းလဲ ထားရှိစေမှာ ဖြစ်ပါတယ်။ Nokia က အရင်တုန်းက အမေရိကန် Microsoft ရဲ့  ပါတနာ ကုမ္မဏီ ဖြစ်ပါတယ်။ Windows Phone OS ကို အသုံးပြုဖို့ ကန်ထရိုက်ယူပြီး ယနေ့တိုင် စမတ်ဖုန်း ထုတ်လုပ်နေခြင်း ဖြစ်ပါတယ်။ Nokia Lumia စီးရီးကလည်း စမတ်ဖုန်း ဈေးကွက်မှာ သိသိသာသာ နေရာရလာပါတယ်။ သို့ပေမယ့် ကုမ္မဏီရဲ့  ကျဆင်းနေတဲ့ စီးပွားရေးကို မကယ်တင် နိုင်ပါဘူး။ Android နဲ့ iOS ထွန်းကားပြီးနောက်ပိုင်း Nokia စမတ်ဖုန်း ရောင်းအား ကျလာတာ ယနေ့တိုင်ပဲ ဖြစ်ပါတယ်။

Windows Phone OS platform ကိုရွေးချယ်ခဲ့မှုအား Nokia တို့ ယနေ့တိုင် နောင်တ မရပါဘူး။ တစ်နေ့တစ်ချိန်မှာ Windows Phone OS ဟာလည်း အောင်မြင်တဲ့ စမတ်ဖုန်း OS ဖြစ်လာမယ်လို့ ယုံကြည် နေပေမယ့်လည်း ဆက်လက်တောင့်ခံဖို့ မလွယ်တဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စီအီးအို Risto Sillasmaa က မိုဘိုင်း Division ကိုရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ Microsoft အနေနဲ့ ၎င်းတို့လက်ထဲမှာ Nokia ကို ကမ္ဘာ့အအောင်မြင်ဆုံး စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္မဏီတစ်ခု ဖြစ်လာဖို့ ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 Ref: mashable
Aung Kham (TSJ team)
Ref & Credit: TechSpace Journal

NCH VideoPad Video Editor v3.12 For All Win 7.4 MB


ဓာတ်ပုံတွေကို သီချင်းတွေနဲ့တွဲပြီး ဗီဒီယိုအဖြင့် ပြောင်းလဲချင်တဲ့ သူငယ်ချင်းတွေအတွက်
ဆိုဒ်နည်းနည်းလေးနဲ့ လုပ်ဆောင်ချက်တွေ တော်တော်စုံတဲ့ ဆောစ်ဝဲလ်လေးပါ
ဗီဒီယိုတွေကို ပြန်တည်းဖြတ်လို့ရပါတယ် http://www.nchsoftware.com/videopad/index.html
မှာလေ့လာပြီး သုံးမယ်ဆိုရင် အောက်ကလင့်မှာရယူနိုင်ပါတယ်
  1. လိုင်စင်အတွက် ခရက်ဖိုင်ပါပါတယ် ဆောစ့်ဝဲလ်ကို Install လုပ်
  2. ပြီးရင် ဆောစ်ဝဲလ် Exit လုပ် ပါလာတဲ့ ခရက်ဖိုင်ကို
  3. C:\Program Files\NCH Software\VideoPad\ ထဲထည့်လိုက်
  4. ဖိုင်လဲမလားလို့ မေးရင် ဖိုင်လဲလိုက်ပါ လိုင်စင်ဗားရှင်းဖြစ်ပါပြီ
System Requirements
  • Works on Windows 7, XP, Vista and 8